နတ်မောက် စက်တင်ဘာ ၄
နတ်မောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး မြို့နယ်မဲဆန္ဒရှင် စိစစ်ရေးကော်မတီက မဲဆန္ဒရှင်စာရင်းများတိကျမှန်ကန်မှု ရှိစေရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ယနေ့နံနက်(၉)နာရီက မဲစာရင်းများပြည့်စုံမှန်ကန်နိုင်ရေးစိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်မှုနှင့်ပါတ်သက်၍ “ပထမအကြိမ် မပါဝင်သူများကို ဒုတိယအကြိမ်တွင် မှန်ကန်စွာပါဝင်နိုင်ရေး၊ မဲစာရင်း အချက်အလက် မှားယွင်းနေမှုများမှန်ကန်မှုရှိစေရေး ၊ ပုံစံ(၃)ဖြင့် ပထမအကြိမ်တောင်းဆိုသူများ ဒုတိယအကြိမ်တွင် ပါဝင် နိုင်ရေး၊ ပြည်ပကတောင်းဆိုထားသည့် ပုံစံ(၁၅)များကို ပုံစံ(၃)ဖြင့် ဆောင်ရွက်ခြင်း၊ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ) ၊မှတ်ပုံတင် ကွက်လပ်များကို ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် တစ်ဦးကပြောကြားခဲ့သည်။ အဆိုပါ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး မဲဆန္ဒရှင်စာရင်းများတိကျမှန်ကန်မှု ရှိစေရေး မဲစာရင်းများစိစစ်ခြင်းကို စက်တင်ဘာ (၂)ရက်နေ့မှစတင်၍ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
သင်းသင်းဝေ(ပြန်/ဆက်)