ရွှေပြည်သာမြို့နယ်၌ ညမထွက်ရအမိန့်အား ပြည်သူများ သိရှိနိုင်ရန် အသံချဲ့စက်များဖြင့် လိုက်လံ ကြေညာ

ရွှေပြည်သာ စက်တင်ဘာ ၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး နှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်အကူပြုစေရန် ညမထွက်ရအမိန့်ကို ပြည်သူများ သိရှိစေရန် ရပ်ကွက်အလိုက် အသံချဲ့စက်များဖြင့် လိုက်လံ အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း ည(၁၂)နာရီမှ မနက်(၄) နာရီအချိန်အထိ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း စုဝေးခြင်များ မပြုလုပ်ကြ ရန် ပြည်သူများ သိရှိလိုက်နာ စေရန် အသိပေးခဲ့ပြီး နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေ သည့် အဖွဲ့အစည်းများ၊ ကျန်းမာရေးကိစ္စဖြင့် မဖြစ်မနေ သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ပြည်သူများ တိကျစွာ လိုက်နာကြရန်၊ မလိုက်နာပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)