တောင်တွင်းကြီးမြို့နယ် နွားပွဲဈေးတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နွားပွဲဈေးတွင် အရောင်းအဝယ် ပြုလုပ်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နွားအရောင်းအဝယ်ပြုလုပ်ကြသော ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်ပွား စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်များ၊ သတိပေးနှိုးဆော်ချက်များကို လိုက်နာကြရန်၊ အရောင်းအဝယ်ပြုလုပ်ကြသော ပြည်သူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွါခွါမှ နေထိုင်ပြောဆိုဆက်ဆံကြပါရန်၊ လူစုလူဝေးမပြုလုပ်ကြပါ ရန်နှင့် နှာခေါင်းစည်း(Mask)များစနစ်တကျတပ်ဆင်ကြရန်တို့ကို (Hand Speaker)ဖြင့် လှည့်လည်ကြေညာခဲ့ ကြသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်တွင်းကြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးနှင့်သား သတ်ဌာနစိတ်မှဝန်ထမ်းများနှင့် နွားပွဲဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၀င်းခိုင်(ပြန်/ဆက်)