ဘုတ်ပြင်း စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club) နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်သူအချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသိပညာဗဟုသုတ မြင့်မားပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာရေးဆရာ လယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုး တတ်မှ’’ စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက ဘုတ်ပြင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြု လုပ်သည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးတက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ဝိုင်းကျင်ပပြုလုပ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် စာဖတ်ဝိုင်းကို ကျင်းပပြလုပ်ရာ ဦးတင်ဦး (ပြန်/ဆက်-ငြိမ်း) က ပန်းလိုချင် အပင်ကို ပျိုးတတ်မှ ဆောင်းပါးကိုလည်းကောင်း၊ ဦးမြင့်ဝေ (ပညာရေး-ငြိမ်း) က မိဘများကို ရိုသေပါဆောင်းပါးကိုလည်းကောင်း၊ ဦးဟန်တင်က ကလေးကိုရိုက်သင့် မရိုက်သင့် ဆောင်းပါး ကိုလည်းကောင်း၊ ဦးတက်ဝင်းက ကျောင်းနေပျော်၍ စာတော်ပါစေ ဆောင်းပါကိုလည်းကောင်း ဆွေးနွေးကြပြီး စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်း အရာများနှင့်ပတ်သက်၍ အမြင်များ ရှုထောင့်အမျိုးမျိုးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်