ကျီခါး စက်တင်ဘာ ၄
ချင်းပြည်နယ်၊ ကျီခါးမြို့ မီးသတ်ဦးစီးဌာန ၀န်ထမ်းအိမ်ရာဆောက်လုပ်မှု အခြေအနေနှင့် မြေထိန်းနံရံ ပြုလုပ်မည့် အခြေအနေများကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က တွန်းဇံမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဆောက်နှင့် ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် ဦးဆောင်သည့် မြို့အရည်အသွေး ကြီးကြပ်ရေး အဖွဲ့တို့က ပူးပေါင်းကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ကျီခါးမြို့၌ မီးသတ်ဦးစီးဌာန ၀န်ထမ်းအိမ်ရာ (၄)ခန်းတွဲ၊ RC(၂)ထပ်အဆောက်အဦ အတိုင်းအတာ (၁၀၀'×၄၀'×၂၂')ကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် (၃၀၈.၉၅၀)သန်းဖြင့် Sian Siam ကုမ္ပဏီမှ တာ၀န်ယူ ဆောက်လုပ်လျက်ရှိရာ အဆိုပါ လုပ်ငန်းဆောင်ရွက်မှု သတ်မှတ်အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလပြီးစီး ဆောင်ရွက်နိုင်ရေးနှင့် အဆိုပါ ၀န်ထမ်းအိမ်ရာရှေ့၌ မြေပြို့မည့် အန္တရာယ်ရှိသဖြင့် မြေထိန်းနံရံခွင့်ပြု ဆောင်ရွက် နိုင်ရေးတို့ကို တွန်းဇံ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် ကျီခါးမြို့ အရည်အသွေး ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)