မန္တလေး စက်တင်ဘာ ၄
ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခြင်းကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင် ရပ်ကွက်၊ အကွက်(၁၅၁)၊ ၈၃လမ်း၊ လမ်း၂၀နှင့်၂၁ လမ်းကြားရှိ လူနေတိုက်တန်းများတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ကြသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းကို ပုလဲငွေရောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၏ ကြီးကြပ်မှုဖြင့် ပုလဲငွေရောင်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူး တင်ဝင်းထွန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက လူနေတိုက်တန်းများတွင် နေထိုင်ကြသော မိဘပြည်သူများအား ကိုဗစ် − ၁၉ ရောဂါအား ကြိုတင်ကာကွယ် သည့်အနေဖြင့် ပိုးသတ်ဆေးများ ပက်ဖျန်းပေး ကြခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)