ဒိုက်ဦး စက်တင်ဘာ ၄
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှကြေငြာထုတ်ပြန်ထားမှုအား လိုက်နာမှု ရှိ/မရှိ ယနေ့နံနက်ပိုင်း က ဒိုက်ဦးမြို့နယ် အတွင်း မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဈေးဆိုင်များအား လိုက်လံစစ်ဆေးခဲ့သည်။
အဆိုပါအမိန့်ကြေငြာစာစည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ /မရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ သက်ဆိုင်ရာ ရပ်ကွက်အတွင်းမှ စတိုးဆိုင်များ ၊လူသုံးကုန် ပစ္စည်း ရောင်းချသည့် ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ကုန်ခြောက် ဆိုင်များ အနေဖြင့် ဆိုင်များရှေ့တွင် ဈေးဝယ်သူများ လက်ဆေးရန်၊ Hand Gel များအသုံးပြုနိုင်ရေး ဆောင်ရွက်ထား ရှိရန်နှင့်ဈေးရောင်းဈေးဝယ်သူများအနေဖြင့် Mask တပ်ဆင်အသုံးပြုရန်၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ လက်ဖက်ရည်ဆိုင်များနှင့် အစားအသောက်ရောင်းချသည့် ဆိုင်များအနေဖြင့် ဆိုင်ထိုင်စားသုံးခြင်း အားရောင်းချခြင်းမပြ ရန်နှင့်ပါဆယ်စနစ်ဖြင့် နံနက်(၆)နာရီမှ ည(၉:၀၀)နာရီ အချိန်ထိသာ ဖွင့်လှစ်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်