နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် မဲဆန္ဒရှင်များနှင့် ပတ်သက်သည့် အသိပညာပေး ပြသဆောင်ရွက်

နောင်ချို    စက်တင်ဘာ ၄

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပြပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံးဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်များနှင့် ပတ်သက်သည့် အသိပညာပေးပို စတာများကို  နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့မှစ၍ ပြသဆောင်ရွက်ထား ရှိ ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး လုပ်ငန်းများကို မြေစိုက်နံရံကပ် ပြဘုတ်၌ စဉ်ဆက်မပြတ် ပြသဆောင်ရွက်လျက်ရှိပြီး ယခုလ အတွင်း၌ နိုင်ငံတော်အကြီး အကဲများ၏ တိုင်းကျိုးပြည်ပြု မှတ်တမ်းများ၊ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းများအပြင်  မဲဆန္ဒရှင်များနှင့် ပတ်သက်သည့် အသိပညာပေးများကိုပါ ပြသ ဆောင်ရွက် ပေးလျက်ရှိသည်။ မြေစိုက်နံရံကပ်ပြဘုတ်တွင် "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ မဲဆန္ဒရှင်များသို့ အမှာစကား၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃) ၊ မိမိ၏ ကိုယ်ရေး အချက်အလက်များ မှားယွင်းပါက ပုံစံ (၄-ဂ)ကို ဖြည့်စွတ်၍ မဲစာရင်းကြေငြာပြီး (၁၄) ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲထံလျှောက်ထားနိုင်ကြောင်း၊ ရက်ပေါင်း (၉၀)အတွင်း နေထိုင်ခဲ့ပြီး မိမိနေ ထိုင်ခဲ့သော မဲဆန္ဒ နယ်တွင်မဲပေးလိုပါကပုံစံ(၃-က)ဖြင့်လျှောက်ထား နိုင်ကြောင်း"တို့  ပါဝင်ပြီး လမ်းသွားလမ်းလာ ပြည်သူများက စိတ်ပါဝင်စား စွာ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ထွေးငယ်၊နောင်ချို ပြန်/ဆက်