ခန္တီးမြို့ ပြည်သူ့ဆေးရုံးတွင် Mogok Value Myanmar Traveling ကုမ္ပဏီမှ Mask ၄၁၀၀ လှူဒါန်း

ခန္တီး စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပြည်သူ့ဆေးရုံအတွက် Mogok Value Myanmar Traveling ကုမ္ပဏီမှ Mask ၄၁၀၀ ခုလှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ကြောင်းသိရသည်။

Mogok Value Myanmar Traveling ကုမ္ပဏီမှ ဦးညီညီအောင်က ပြည်သူ့ဆေးရုံအတွက် Mask ၄၁၀၀  ခု လှူဒါန်းခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန်နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမြင့်တို့က ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန်းမြတ်မြတ်မွှေးနှင့် မြို့နယ်ကျန်းမာရေးဦး စီးမှူး ဒေါ်ဆွီးနွာမ် ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ခရိုင်ကျန်းမာရေးဦးစီးမှူးက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

စနေမောင်မောင်(ခန္တီး)