မက်မန်းမြို့နယ်အတွင်း Mask အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များ ပြည်သူ့ လက်ဝယ်အရောက် ကွင်းဆင်းဖြန့်ဝေ

မက်မန်း    စက်တင်ဘာ   ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန်  Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များ ပြည်သူ့ လက်ဝယ်အရောက် ယမန်နေ့က မက်မန်းမြို့ပေါ်ရပ်ကွက်ရှိ ဈေးဆိုင်ခန်းနှင့် လမ်းဆုံနေရာ များတွင်  ကွင်းဆင်းဖြန့်ဝေခဲ့ကြောင်း သိရသည်။

Mask နှင့်ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး မက်မန်းမြို့ပေါ်ရှိ ဈေးဆိုင်ခန်းများနှင့် မြို့ပေါ်ရပ်ကွက်သို့ လာရောက်ဈေးဝယ်ကြသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ကြိုတင် ကာကွယ်ရမည့် လမ်းညွှန်ချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မက်မန်း(ပြန်/ဆက်)