အရာတော် စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် ပြည်သူများ အပြင်ထွက်သွားလာ ရာတွင် စနစ် တကျ Mask တပ်ဆင် သွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၉) နာရီက ပါးစပ် နှင့်နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာခြင်းမရှိသူ (၂၁) ဦးအား စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦ:သိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ မြို့နယ် စည်ပင် သာယာရေး ဌာနဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့က အရာတော်မြို့၌ အသွားအလာများသည့် လမ်းမများနှင့် စည်ပင်စျေးတို့တွင် Mask များကို စနှစ်တကျ တပ်ဆင်သွားလာခြင်းမရှိသူများအား အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အရာတော်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အိမ်အပြင် ထွက်တိုင်း Mask တပ်ဆင် ရေးကိုလည်း အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း မြို့နယ် ဒုတိယ-အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝေက ပြောသည်။
မြို့နယ် (ပြန်/ဆက်)