မြဝတီ၊ စက်တင်ဘာ ၈
မြဝတီမြို့ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဘုရင့်နောင်စျေးအတွင်းအပြင်တွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများကို ကိုဗစ်-၁၉ရောဂါကင်းဝေးစေရန်အတွက် စျေးအတွင်းဝင်ရောက်ပါက နှာခေါင်းစည်းများတပ်ဆင်ခြင်းနှင့် လက်များကိုစနစ်တကျဆေးရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆောင်ရွက်ခြင်းကို မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်လင်းဦးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်တို့က စျေးများတွင်ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိ နေ့စဉ်ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)