မုဒုံ စက်တင်ဘာ ၈
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်း ရောင် ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် မုဒုံမြို့နယ် မှိန်ဂနိမ်းကျေးရွာအုပ်စု ကော့လှ ကျေးရွာ တွင်လမ်းပခုံးကွန်ကရစ်အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးရွာတွင်၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှစ၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို စတင် အကောင်ထည် ဖော်ဆောင်ရွက်ခဲ့ပြီး အတိုးရငွေ၏၅၀ရာခိုင်နှုန်းကိုအသုံးပြုပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြစိမ်းရောင်ဘဏ္ဍာရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးငွေလှိုင် က“အရင်ကဆိုရင် မိုးတွင်းကာလ၌ လမ်း တွင် နှစ်စဉ်လမ်းရေကျော်မှု များဖြစ်ပွါးပြီး သွားလာလို့ အဆင်မပြေမှုများ ကြုံတွေ့ နေရပါ တယ်။ ယခုလိုမြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေနှင့်ကျေးရွာသူ၊ ကျေးရွာသားတို့ ပူးပေါင်း ပြီး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်မှု ကြောင့်အများကြီးအဆင်ပြေပါတယ် လို့”ပြောပါ သည်။
ကျေးရွာတွင်ရေမြောင်းအုတ်စီခြင်းကိုအရှည်ပေ၇၆၆ပေ၊အကျယ်၂ပေ၊အနက်၂ပေနှင့်လမ်းပခုံးကွန်ကရစ်လမ်းခင်းခြင်းကို အရှည်ပေ၄၅၀၊အကျယ်၂ပေ၊ ၅လက်မထုဖြင့်လုပ်ငန်း များဆောင်ရွက်ကာ ၇၅ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရ သည်။
အောင်မျိုးသူ(မုဒုံ)