မက်မန်း စက်တင်ဘာ ၈
ရှမ့်ပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ကြားချက်နှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များကို ယမန်နေ့ညနေ (၅) နာရီက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာတွင်းသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိ ပညာပေး နှိုးဆော်ခဲ့သည်။
အဆိုပါ နှိုးဆော်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်ချုပ်၊ကာကွယ်၊ ကုသရေးကော်မတီ၊ ဌာန ဆိုင်ရာ များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီး သို့ ပြည်နယ် များမှ ဝင်ရောက်လာသူများသည် သက်ဆိုင်ရာဒေသ၏ ထောက်ခံချက်များ ယူဆောင် လာရမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများနှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု များပြား သည့် မြို့နယ်များမှ လာရောက်သူအားလုံး ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများသို့ ဝင်ရောက်၍ (၁၄) ရက်နေထိုင်ပြီး ဓါတ်ခွဲနမူနာ (၂)ကြိမ် ရယူ စစ်ဆေး မည်ဖြစ်ကြောင်း၊ ဓါတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက Home Quarantine (၇)ရက် နေထိုင် ရမည်ဖြစ် ကြောင်း၊ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ အတည်ပြုပြီး မှသာ ဆက်လက်ထွက်ခွါရမည် ဖြစ်ကြောင်းနှင့် နေအိမ်ပြင်ပသို့ ထွက်ခွါရာတွင် နှာခေါင်း စည်းတပ်ဆင်ရန်၊ ဈေးရောင်း/ ဈေးဝယ် ပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ လမ်းညွှန်ကြား ချက်နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ မလိုအပ်ဘဲ တတ်နိုင်သမျှ အပြင်သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး နှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် ည ၁၂ နာရီမှ နံနက် (၄) နာရီအထိ အပြင်သို့ ထွက်ခွါခြင်း မပြုရန် နှင့် မိမိမြို့နယ်၊ ဒေသအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများ တွေ့ရှိပါက သက်ဆိုင်ရာနှင့် ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပို့ အကြောင်းကြားရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်း ရရှိသည်။
စိုးနိုင်(မက်မန်း ပြန်/ဆက်)