ကာလိမြို့ ယာယီပျံကျဈေးနှင့် စားသောက်ဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

 

ကာလိ စက်တင်ဘာ   ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ယာယီပျံကျဈေးနှင့် စားသောက်ဆိုင်များသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေး ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ကာလိမြို့  စည်ပင်သာယာရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ဦးနှင့် ဝန်ထမ်းများ ၊ ကာလိမြို့တိုက်နယ် ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်အေးအေးချောနှင့် သူနာပြု ဒေါ်နန်းလမင်းမေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်စာရေး ဦးသီဟကျော်တို့က ပူးပေါင်း၍ ယာယီပျံကျဈေးတွင် ဈေးရောင်း/ဈေးဝယ် ပြည်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ထားခြင်း ရှိ/မရှိ နှင့် ကာလိမြို့ အတွင်းရှိ စားသောက်ဆိုင်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ထားခြင်းရှိ/မရှိ တို့ကို ရှောင်တခင် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)