ဟိုမိန်းမြို့မစျေး၌ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးစာစောင်များ ဖြန့်ဝေ

ဟိုမိန်း    စက်တင်ဘာ   ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုဖြစ်မလာစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း က မြို့မစျေးရှေ့နှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟိုမိန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် စျေးဝယ်ပြည်သူများနှင့် စျေးရောင်းသူများ၊ လမ်းသွား လမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ပြည်သူများသိရှိရန် Hand Speaker ဖြင့် ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)