ဒဂုံတောင် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ် - ၁၉ ရော ဂါကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း(Mask) ချုပ်လုပ်မှုပြိုင်ပွဲသို့ Comment Box မှဝင် ရောက်ယှဉ်ပြိုင်သူများအား နိုင်င်ငံတော်သမ္မတရုံးမှ ပေးအပ်သော အမှတ်တရ Post Card များ အားအိမ်တိုင်ရာ ရောက်လိုက်လံပေးအပ်ခြင်း ကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ပေးအပ်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အိမ်တွင်း ဖြစ် နှာခေါင်းစည်း(Mask) ချုပ်လုပ်မှုပြိုင်ပွဲဝင်များအား နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော အမှတ်တရ Post Card များအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ(ဆဌမ)အကြိမ်မြောက် အိမ်တိုင်ရာရောက် လိုက်လံဂုဏ်ပြု ပေးအပ်ပြီး ဒုတိယ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမောင်စံဝင်းမှ ပြိုင်ပွဲ ဝင်များ အား ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်းသိရသည်။
သက်မင်းဟန်(ဒဂုံတောင်)