မြင်းမူမြို့ ကန့်သတ်စောင့်ကြည့်ထားသောနေရာသို့ ဝင်ရောက်လျှက်ရှိသည့် ပြည်တွင်း / ပြည်ပ ပြန်များ ထံမှ တို့ပတ်များရယူကာ ဓါတ်ခွဲရန်ပေးပို့

ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှပြန်လည်ရောက်ရှိလာကြသူများအား စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ရှိ တိုင်းရင်းဆေးရုံတွင်သီးသန့်ထားရှိခဲ့ရာ စက်တင်ဘာ လ(၉) ရက် (ယမန်နေ့)နံနက်ပိုင်းက ယင်းတို့တွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေး နိုင်ရန် အတွက် ယင်းတို့ထံမှ (swap) များရယူကာ မန္တလေး သို့ပေးပို့ခဲ့ကြောင်း သိရှိ ရသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် တစ်အိမ်ဝင် တစ်အိမ်ထွက် ကျန်းမာရေးစစ်ဆေးမှုများ စာရင်းကောက်ယူခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ တောင်သူကုန်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် တစ်အိမ်ဝင် တစ်အိမ်ထွက် ကျန်းမာရေးစစ်ဆေးမှုများ စာရင်းကောက်ယူခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ထန်တလန်မြို့တွင် သောက်သုံးရေ ပိုမိုရရှိရေးအတွက် အနက်ပေတစ်ရာအထက် တူးဖော်နိုင်သော တွင်းတူး စက်ကြီးဖြင့် တူးဖော်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ သောက်ရေ၊ သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို ရရှိစေရေးအတွက် အနက်ပေ တစ်ရာအထက် တူးဖော်နိုင်သော တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်

ပန်းဘဲတန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရပါသည်။

လယ်ဝေးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး စကားဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး Community Centre တွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Talk Show ဆောင်ရွက်ခဲ့သည်။

တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၇ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာ ပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်ခင်မာနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် ကျေးရွာများသို့ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာ များသို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နောင်တရားမြို့၌ ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ကျေးလက် ကျန်းမာရေးဌာနမှ ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ရှိသည်။
Subscribe to