ခိုလမ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ မြို့အတွင်းရှိ အော်တိုကြိုးဖုန်းများအား FWA (Fixed Wireless Access) စနစ်ဖြင့် အဆင့်မြှင့်တင် ပြောင်းလဲ တပ်ဆင်ပေးခြင်း လုပ်ငန်းကို စက်တင်ဘာလ ၈ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ FWA (Fixed Wireless Access)နှင့် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှု အရည်အသွေးများ ရရှိစေရန်အတွက် FTTH ( Fiber to the Home ) စသည့် စနစ်များကိုလည်း ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုလမ်မြို့တွင် FWA (Fixed Wireless Access) စနစ်ဖြင့် အဆင့်မြှင့်တင် ပြောင်းလဲတပ်ဆင်ပေးမည့် အော်တိုကြိုးဖုန်းအလုံးရေ (၇၈)လုံးကို တပ်ဆင်ပြောင်းလဲပေးပြီး ဖြစ်ကြောင်း (MPT) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်း တာဝန်ခံထံမှ သိရှိရသည်။
ခင်လေးဝင်း(ပြန် / ဆက်)