ရှားတောမြို့၌ Facility Quarantine အဖြစ် ဖွင့်လှစ်ထားရှိမည့် အဆောက်အဦ နေရာများသို့ ကွင်းဆင်းစစ်ဆေး

ရှားတော စက်တင်ဘာ ၁၀

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် COVID-19 ရောဂါ ဖြစ်ပွားရာဒေသမှ ရှားတောမြို့နယ် အတွင်း ဝင်ရောက်လာမည့် ပြည်သူများအား Quarantine Centre တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ဆောင်ရွက်နိုင်ရန် အတွက် Community Based facility Quarantine ဖွင့်လှစ်မည့် အဆောက်အဦနေရာများအား မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယမန်နေ့နံနက်ပိုင်း၌ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် နှင့် ကော်မတီဝင်များက မြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ် ကုသနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် COVID-19 ရောဂါ ဖြစ်ပွားရာ ဒေသမှ ရှားတောမြို့နယ်အတွင်း ဝင်ရောက်လာမည့် ပြည်သူများအာ Quarantine Centre တွင် အဆင်ပြေကောင်းမွန်စွာ ထားရှိနိုင်ရန် Community Based facility Quarantine အဖြစ် ဖွင့်လှစ်မည့် အဆောက်အဦးများဖြစ်သည့် မြို့နယ် မိုးလုံလေလုံအားကစားရုံ၊ မြို့နယ် ခန်းမဆောင် နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန တို့သို့သွားရောက်၍ ရေ၊ မီး၊ အိမ်သာ၊ နေရေး ထိုင်ရေးကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်အချက်များ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး စသည်တို့ကို စစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ထွန်းအောင်(ရှားတော)