မြောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် မြို့ပေါ်ရပ်ကွက်များသို့ လှည့် လည် အသိပညာပေး နှိုးဆော်

စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို ပြည်သူအများ သိရှိနိုင် စေရန် ယနေ့ နံနက်(၉)နာရီက မြို့ပေါ်ရပ်ကွက် များသို့ လှည့်လည် ကြေညာခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု များပြားလာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ ရန်ကင်းမြို့နယ် ရပ်ကွက်များ အတွင်းရှိ လမ်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ဘိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီတွင် အောင်ချမ်းသာရပ်ကွက်၊ ငွေဧရာအမြန်ရေယာဉ်အသင်းဂိတ်ရုံး၌ စောင့်ဆိုင်းကာ ခရီးသွား ပြည်သူများအား တာဝန်ရှိသူများမှ ပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ပါတီပေါင်း ၁၄ပါတီ၊ ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်

ကယားပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ကာ လွိုင်ကော်မြို့နယ်အတွင်းရှိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး နှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းထံမှ သိရသည်။

ပေါင်းတည်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

နိုင်ငံတော်မှ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအနေနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်၁၁နာရီက ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်

မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စက်တင်ဘာ (၁၀)ရက် နံနက် (၈) နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေး ဗိုလ်ချုပ်ပန်းခြံရှေ့တွင် နှာခေါင်းစည်း (Mask)များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြေနီ ကျောက်စရစ်ခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အကောင်အထည် ဖော် ဆောင်ရွက်သည့် မြေနီကျောက်စရစ်ခင်း ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ယမန်နေ့ နေ့ လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်အဆင့် Community Based Facility Quarantine နေရာ ၄ နေရာဖွင့်လှစ်ထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် ပြည်တွင်းနေရပ်ပြန်များနှင့် နိုင်ငံရပ်ခြားပြန်ပြည်သူများအား နမ်းခမ်း ကျေးရွာ စာသင်ကျောင်းဟောင်းတွင် လည်းကောင်း၊ အထက(ခွဲ)-တပ်နယ်မြေတွင် လည်း ကောင်း၊စော်ဘွားကြီး-မူလွန်ကျောင်းတွင်လည်းကောင်း ပစ္ဆိမာရုံကျောင်းတိုက် ဓမ္မာရုံ တွင် လည်းကောင်း Community Based Facility Quarantine ၄ နေရာတို့တွင် ပြန်လည် ဖွင့်လှစ်ထားရှိကာ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ကျောက်ဆည်မြို့ဟံမြင့်မိုရ်ကျေးရွာစျေးတွင် စျေးရောင်း၊ စျေးဝယ်ပြည်သူများအား Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာစျေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း များ စနစ်တကျတပ်ဆင်စေရေး ယနေ့နံက်(၈)နာရီက Mask Campaign ပြုလုပ်ပြီး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ စတုတ္ထသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် အဖိုးအဖွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဖွားများအား ထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် တာဝန်ရှိ သူများက အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။
Subscribe to