ပေါင်းတည် စက်တင်ဘာ ၁၀
နိုင်ငံတော်မှ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအနေနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်၁၁နာရီက ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်နှင့်ဝန်ထမ်းများကပေါင်းတည် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နဝရတ်ခန်းမ၌ မြို့ပေါ် (၁၂)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၄၄ အုပ်စုရှိ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူများအား တစ်ဦးလျင် ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်စီအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်နိင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင်ရပ်ကွက်(၁၂)ခုနှင့် ကျေးရွာအုပ်စု(၄၄)အုပ်စုမှ ကိုယ်အင်္ဂါမသန်စွမ်းသူ (၂၄၃)ဦး၊ ဉာဏ်ရည်မသန်စွမ်းသူ(၁၂၉ )ဦး၊ မျက်မမြင်သူ(၂၁)ဦး နားအကြား အာရုံ မသန်စွမ်းသူ (၈၀)ဦး စုစုပေါင်း (၄၇၃)ဦးတို့ကို ယခင်က(၃၀၀၀၀) ကျပ်စီထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုလက်ရှိ ကျန်ရှိနေသူ (၂၁၇)ဦးကို ထပ်မံထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် မသန်စွမ်းသူများအား အများ နည်းတူ တန်းတူအခွင့်အရေးရစေရန်နှင့်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လူမှု ဝန်ထမ်း ဦးစီးဌာနမှ အမြင် အကြား ကိုယ်အင်္ဂါနှင့် ဉာဏ်ရည် မသန်စွမ်းသူများကို အခြေခံ စစ်တမ်းများ ကောက်ယူပြီး ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)