ဝန်းသို စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် ပြည်တွင်းနေရပ်ပြန်များနှင့် နိုင်ငံရပ်ခြားပြန်ပြည်သူများအား နမ်းခမ်း ကျေးရွာ စာသင်ကျောင်းဟောင်းတွင် လည်းကောင်း၊ အထက(ခွဲ)-တပ်နယ်မြေတွင် လည်း ကောင်း၊စော်ဘွားကြီး-မူလွန်ကျောင်းတွင်လည်းကောင်း ပစ္ဆိမာရုံကျောင်းတိုက် ဓမ္မာရုံ တွင် လည်းကောင်း Community Based Facility Quarantine ၄ နေရာတို့တွင် ပြန်လည် ဖွင့်လှစ်ထားရှိကာ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ဝန်းသိုမြို့နယ်တွင် Facility Quarantine စောင့်ကြပ်ကြည့်ရှုထားရှိသည့် စက်တင်ဘာ ၉ရက်နေ့ထိ စာရင်းအရ အ.ထ.က(ခွဲ)-တပ်နယ်မြေတွင် ကျား(၅) ဦး၊ မ(၂၃)ဦး၊ နမ်းခမ်း-အ.လ.က ကျောင်းဟောင်းတွင် ကျား (၇)ဦး၊ မ (၁)ဦး၊ မူလွန်-စော်ဘွားကြီးကျောင်းတွင် ကျား(၂) ဦး၊ မ(၄) ဦး စုစုပေါင်း ပြည်တွင်း နေရပ်ပြန် ကျား (၁၄)ဦး၊ မ (၂၈)ဦးနှင့် ပစ္ဆိမာရုံ ကျောင်းတိုက်ဓမ္မာရုံတွင် နိုင်ငံရပ်ခြားပြန် Quarantine ထားရှိသူ ကျား (၂) ဦး၊ မ(၂) ဦး စုစုပေါင်း (၄) ဦး သီးခြားစောင့်ကြည့်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင် စားသောက်မှုနှင့် လုံခြုံရေး စနစ်တကျရှိစေရေးအတွက် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)