ပခုက္ကူ စက်တင်ဘာ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အကောင်အထည် ဖော် ဆောင်ရွက်သည့် မြေနီကျောက်စရစ်ခင်း ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ယမန်နေ့ နေ့ လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင့်ဝေနှင့်ဝန်ထမ်းများက ၂၀၁၉ -၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း(၁၀၀)စီဖြင့် လုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် မြိုင်မြို့နယ် ငါးဝင်းကျေးရွာ၊ ထနောင်း ဝင်းကျေးရွာ၊ မင်းသားကျ(မြောက်)ကျေးရွာ၊ ဇီးဖြူပင်ကျေးရွာတို့တွင် မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများနှင့်ပတ်သက်သည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြ ရာ မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်း များ၊ကျေးရွာ ကော်မတီဝင်များက စီမံကိန်းဆိုင်ရာဆောင်ရွက်မှုများ၊စာရင်းဇယားများ ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် မိမိတို့ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများရွေးချယ်ကာ ချက်ချင်းလုပ်အားခပေးချေမှုစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ကြခြင်းဖြစ်သည်။
ပခုက္ကူခရိုင်အတွင်း Cash for Work စီမံကိန်းရန်ပုံငွေသိန်း(၁၀၀)စီဖြင့် အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိသည့် ပခုက္ကူ၊ရေစကြို၊ မြိုင်၊ ပေါက်နှင့်ဆိပ်ဖြူမြို့နယ်၊ ကျေးရွာပေါင်း(၅၄)ရွာတို့တွင် စာသင်ကျောင်းဆောင်နှစ်ဆောင်၊ ကျေးရွာခန်းမဆောင်တစ်ခု၊ ရွာတွင်းကွန်ကရစ်ဘီးလမ်း လေးလမ်း၊ ရွာတွင်းမြေနီကျောက် စရစ်ခင်းခြင်းလုပ်ငန်း ၂၀လမ်း၊ ရွာတွင်းမြေသားလမ်း နှစ်လမ်း၊ ရွာတွင်း ကျောက်ရောမြေခင်းခြင်း ၃လမ်း၊ မြေသားရေလှောင် ကန် ၁၉ ခု၊ ရွာတွင်းရေနှုတ်မြောင်း ၄ခု စသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး အောင်မြင်ပြီးဖြစ်ကြောင်းသိရ သည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)