မြောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် မြို့ပေါ်ရပ်ကွက်များသို့ လှည့် လည် အသိပညာပေး နှိုးဆော်

မြောင် စက်တင်ဘာ  ၁၀

စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို ပြည်သူအများ သိရှိနိုင် စေရန် ယနေ့ နံနက်(၉)နာရီက မြို့ပေါ်ရပ်ကွက် များသို့ လှည့်လည် ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေး နှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနနင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတို့မှ ပူးပေါင်းဆောင်ရွက်ကာ  မြို့ပေါ်(၄) ရပ်ကွက်ရှိပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမက အချိန်နှင့်တစ်ပေးညီ  ထုတ်ပြန်ထား သည့်  စည်းကမ်းချက်များအား အသိပေး ကြေညာခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့ပေါ်ရှိ ပရဟိတအဖွဲ့အစည်းများ သည် ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်း၊ နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်လာသူများအား နှာခေါင်းစည်း တပ်ဆင် စေခြင်းနှင့် မြို့အဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်းများကို နေ့စဉ်အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

တင်ကိုကို(မြောင် ပြန်/ဆက်)