မြစ်ကြီးနား စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် (၈) နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေး ဗိုလ်ချုပ်ပန်းခြံရှေ့တွင် နှာခေါင်းစည်း (Mask)များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို မြစ်ကြီးနားမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် အမှုဆောင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတန်ရှန်နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လမ်းသွား/ လမ်းလာ မိဘပြည်သူများအား နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင် အသုံးပြုရေး နှင့်ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များနှင့် Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ယော်ဆောင်(ပြန်/ဆက်)