ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ဘေးအန္တရာယ်ဆိုင်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့မှ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုး‌ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်းများကပ်ထားကြေညာနိုင်ရေးနှင့် တိကျမှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများစိစစ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး မြို့နယ်မဲဆန္ဒရှင်စိစစ်ရေးကော်မတီကမဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယမန်နေ့နံနက်ပိုင်းကမဲစာရင်းများပြည့်စုံမှန်ကန်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Lock down အသွားအလာကန့်သတ်နေထိုင်သူ အိမ်ထောင်စုများအား We Love Yangon အဖွဲ့မှ အစားအသောက်နှင့်ရေသန့်ဗူးများလိုက်လံထောက်ပံ့

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 ပိုးတွေ့လူနာများ ဖြစ်ပေါ်နေခဲ့ရာ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့သူများကို မြို့နယ် COVID-19ထိန်းချုပ်

မြဝတီမြို့နယ် ကုန်းမလေးကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း စိုက်ပျိုးရေးနှင့် မွေးမြူးရေးဆိုင်ရာ သင်တန်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကုန်းမလေးကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) နှင့် ပတ်သက်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး သိကောင်းစရာများ ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိ စေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် အသိပညာပေး အကြောင်းအရာများကို ယမန်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိ ပညာပေးအကြောင်းအရာများကို စာကြည့်တိုက်ခေတ္တမပိတ်ခင်က ငှားရမ်းထားသော စာအုပ်များပြန်လည်အပ်နှံရန် လာရောက်သူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မွန်ပြည်နယ် မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာတွင် Cash for Work(CFW) စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကိုဗစ်ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေရန်နှင့် ကျေးရွာများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cash for Work စီမံကိန်းကို မွန်ပြည်နယ်အတွင်းရှိ ကျေးရွာ များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မွန်ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်နှင့် တာဝန်ရှိသူများ တို့က Cash for Work(CFW) စီမံကိန်း ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးသည့် မုဒုံမြို့နယ် ကျုံဖိုက် ကျေးရွာသို့ ကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။

ကျုံပျော်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် စျေးရောင်း/ဝယ်သူများတွင် Mask များ တပ်ဆင်ခြင်း ရှိ/မရှိ စဉ်ဆက်မပြတ် စစ်​ဆေး

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စည်ပင်သာယာ​ရေး အဖွဲ့က စျေးရောင်း/ဝယ်သူများတွင် Mask များ တပ်ဆင်​ခြင်း ရှိ/မရှိကို စဉ်ဆက်မပြတ် လိုက်လံစစ်ဆေး ဆောင်ရွက် လျက်ရှိပါသည်။

အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေး

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေး ဒဏ်ရိုက်ခြင်းကို ယနေ့နံနက် ၈ နာရီကစတင်၍ ဥပုသ်တော်ရပ်ကွက်နှင့် အမရဌာနီ အရှေ့ ရပ်ကွက် နှစ်ခုကြားရှိ ၉ လမ်းနှင့် ၇၆ လမ်းထောင့်၌ ပြုလုပ်ကြသည်။

မိုင်းယန်းမြို့၌ ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းအား ပါမိုင်ရပ်ကွက်တွင် စတင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် ဆုံဆို့နာ ရောဂါကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပါမိုင်ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံး၌ ယနေ့ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

၂၀၂၀ပြည့်နှစ် အထွေထ ွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက အပင်နှစ်ဆယ်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Subscribe to