ရေနံချောင်းမြို့နယ်၌ စတုတ္ထသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် အဖိုးအဖွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ရေနံချောင်း စက်တင်ဘာ ၁၀

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် အဖိုးအဖွားများအား ထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမြတ်နှင့် တာဝန်ရှိသူများက အိုးဘိုရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်အတွင်းရှိ အဖိုးအဖွားများအား တစ်ဦးလျှင် ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်ကို အိမ်တိုင်ရာ ရောက်လိုက်လံထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အဖိုးအဖွားများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆက်လက် ထောက်ပံ့ပေးလျက်ရှိသည်။

ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုမှ အသက် ၈၅ နှစ် နှင့်အထက် အဖိုးအဖွား(၈၄၁)ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်နှုန်းဖြင့် (ဇူလှိုင်၊ သြဂုတ်၊ စက်တင်ဘာ) စတုတ္ထသုံးလပတ်အတွက် စုစုပေါင်းငွေကျပ် ၂၂၅၃၀၀၀၀ ကို ထောက်ပံ့ပေးခဲ့ကြောင်းသိရ သည်။

ကိုစိုးကြီး(ပြန်/ဆက်)