နွားထိုးကြီးမြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်းများကပ်ထားကြေညာနိုင်ရေးနှင့် တိကျမှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများစိစစ်ဆောင်ရွက်

နွားထိုးကြီး၊  စက်တင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး မြို့နယ်မဲဆန္ဒရှင်စိစစ်ရေးကော်မတီကမဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယမန်နေ့နံနက်ပိုင်းကမဲစာရင်းများပြည့်စုံမှန်ကန်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်ပထမအကြိမ် မပါဝင်သူများကိုဒုတိယအကြိမ်တွင်မှန်ကန်စွာပါဝင်နိုင်ရေး၊ မဲစာရင်း အချက်အလက် မှားယွင်းနေမှုများမှန်ကန်မှုရှိစေရေး၊ ပုံစံ(၃)ဖြင့်ပထမအကြိမ် တောင်းဆိုသူများ ဒုတိယအကြိမ်တွင် ပါဝင်နိုင်ရေး ၊ပြည်ပကတောင်းဆိုထားသည့်ပုံစံ(၁၅)များကို ပုံစံ(၃)ဖြင့်ဆောင်ရွက်ခြင်း၊ ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)၊ မှတ်ပုံတင်ကွက်လပ်များကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

အဆိုပါဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးနှင့် တိကျမှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းကို စက်တင်ဘာ(၁)ရက်နေ့ကစတင်၍ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

နိုင်လင်း(ပြန်/ဆက်)