ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 ပိုးတွေ့လူနာများ ဖြစ်ပေါ်နေခဲ့ရာ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့သူများကို မြို့နယ် COVID-19ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက မြို့နယ်အတွင်း ရောဂါကူးစက် ပြန့်ပွားခြင်းများ မဖြစ်ပေါ်စေရေး၊ထိန်းချုပ်ကာကွယ်နိုင်ရေးတို့အတွက်မိမိတို့နေအိမ်များတွင် အသွားအလာ ကန့်သတ် Lock down ဆောင်ရွက်ထားရှိခဲ့ပြီး အဆိုပါ အသွားအလာ ကန့်သတ်နေသူ ပြည်သူများ စားသောက်ရေးများ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားခဲ့သည်။
ထိုသို့အသွားအလာကန့်သတ်ထားသူများအား We love Yangon အဖွဲ့က ယနေ့နံနက်ပိုင်း အချိန်တွင် အစားအသောက်နှင့်ရေသန့်ဗူးများကို Social Distancing နှင့်အညီ လာရောက် ထောက်ပံ့ ပေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့တို့ကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်းသိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)