မွန်ပြည်နယ် မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာတွင် Cash for Work(CFW) စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မော်လမြိုင် စက်တင်ဘာ ၁၀

ကိုဗစ်ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေရန်နှင့် ကျေးရွာများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cash for Work စီမံကိန်းကို မွန်ပြည်နယ်အတွင်းရှိ ကျေးရွာ များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က  မွန်ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်နှင့် တာဝန်ရှိသူများ တို့က Cash for Work(CFW) စီမံကိန်း ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးသည့် မုဒုံမြို့နယ် ကျုံဖိုက် ကျေးရွာသို့ ကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာမှ Cash for Work(CFW) စီမံကိန်း ရန်ပုံ ငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာအတွင်း အရှည်ပေ ၁၃၉၀၀ အကျယ် ၂ ပေ အနက် ၂ ပေရှိသော မြေသားရေမြောင်းတူးဖော်ခြင်းလုပ်ငန်း၊ အရှည်ပေ ၁၀၀ အကျယ် ၂ ပေ အနက် ၁.၉ ပေရှိသော အုတ်စီ ရေမြောင်းလုပ်ငန်းနှင့် အရှည်ပေ ၁၁၆၀ အကျယ် ၁၂ ပေ ထု ၉ လက်မရှိသော ဂဝံလမ်းခင်းခြင်းလုပ် ငန်းများကို ရက်ပေါင်း ၃၈ ရက်အတွင်း ဆောင်ရွက်ပြီးစီး ခဲ့သဖြင့် လုပ်ငန်းများ အဆင်ပြေ ချောမွေ့မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ Cash for Work(CFW) စီမံကိန်းသည် ကျေးလက်နေပြည်သူများအား လုပ်အားခပေးချေ၍ မိမိတို့ ကျေးရွာ တွင် ဆောင်ရွက်လိုသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရသော စီမံကိန်း တစ်ခုဖြစ် ကြောင်း မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)