ကျုံပျော် စက်တင်ဘာ ၁၀
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စည်ပင်သာယာရေး အဖွဲ့က စျေးရောင်း/ဝယ်သူများတွင် Mask များ တပ်ဆင်ခြင်း ရှိ/မရှိကို စဉ်ဆက်မပြတ် လိုက်လံစစ်ဆေးဆောင်ရွက် လျက်ရှိပါသည်။
ထိုသို့စစ်ဆေးရာတွင် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများဖြစ်သော မြို့မဈေး၊ အထောင်ဈေး၊ သောင်ကြီးဈေး၊ ရှားခဲဈေးနှင့် ကျုံတနီးဈေးတို့တွင် ဈေးရောင်း/ဝယ်သူများ Mask များတပ်ဆင်ခြင်း ရှိ/မရှိ ကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စဉ်ဆက်မပြတ်စစ်ဆေး လျက်ရှိကြပြီး၊ အသိပညာပေး လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဈေးသည် လူအများနေ့စဉ် သွားလာရာနေရာ ဖြစ်သည့်အတွက် ရောဂါပြန့်ပွားမှု မရှိစေရန် ယခုကဲ့သို့ စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ သားငါးတန်းများကိုလည်း သန့်ရှင်းမှုရှိစေရန် ဆေးကြောသန့်စင်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့အပြင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီကလည်း ဈေးရောင်း/ဝယ်သူများ အသုံးပြုရန်အတွက် Maskများ အခမဲ့ဖြန့်ဝေခြင်းကို မကြာခဏ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)