မိုင်းယန်း စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် ဆုံဆို့နာ ရောဂါကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပါမိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက် ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုင်းယန်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာဖြိုးထွဋ်ဘိုဘိုထွန်း၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက် (၁၁)ရပ်ကွက်နှင့်ကျေးရွာများ အတွင်းရှိ အသက် ၁ နှစ်မှ ၁၅ နှစ်အတွင်း ကလေးငယ်များအား စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ သတ်မှတ်နေရာအသီးသီးတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး (ပြန်/ဆက်)