ဘီးလင်း စက်တင်ဘာ ၁၁
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဘီးလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်−၁၉ စီးပွားရေး ကုသမှုအစီအစဉ် (CERP) အထောက်အပံ့အရ မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ ငွေပေးအပ်ပွဲ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘုန်းသက်ထွန်းက ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က တောင်သူ ၁၉ ဦးထံသို့ တစ်ဧကလျှင် ငွေကျပ် ၆၅၀၀၀ နှုန်းဖြင့် ၁၁၀ ဧကအတွက် ငွေကျပ် ၇၁ သိန်း ၅ သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထူးနောင် (ပြန်ဆက်)