လက်ပံတန်းမြို့နယ်အတွင်းရှိ မသန်စွမ်း (၁၂၉၅)ဦးအတွက် ထောက်ပံ့ငွေများပေးအပ်

လက်ပံတန်း စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ‌ရပ်ကွက်/ကျေးရွာ အုပ်စုများမှ မသန်စွမ်းသူများအား ထောက်ပံ ငွေများ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ရေးချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ သာယာဝတီခရိုင် လူမှုဝန်ထမ်း ဦးစီးဌာရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက ရပ်ကွက်/ ကျေးရွာအုပ်စု (၅၃) အုပ်စုမှ မသန်စွမ်းသူ(၁၂၉၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း(၃၈၈၅၀၀၀၀)ကျပ်အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာချုပ်ရေးမှူးများ ကိုယ်စား မြို့နယ် အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ထောက်ပံ့ငွေမရရှိသေး သော မသန်စွမ်းသူများကို အိမ်တိုင်ရာ ရောက်‌ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဝင့်နန္ဒာဌေး