ဆိပ်ဖြူမြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးနှင့် တိကျမှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများ စိစစ် ဆောင်ရွက်

ဆိပ်ဖြူ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင်ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေး မြို့နယ် မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းကော်မတီက မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်မှုရှိစေရေး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နံနက်ပိုင်းက မဲစာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေး စိစစ်ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပထမအကြိမ်မဲစာရင်း မပါဝင်သူများကို ဒုတိယအကြိမ်တွင်မှန်ကန်စွာပါဝင်နိုင် ရေး၊ မဲစာရင်းအချက် အလက်များ မှားယွင်းနေမှုများ မှန်ကန်မှုရှိစေရေး၊ ပုံစံ (၃)ဖြင့် ပထမအကြိမ်တောင်းဆို သူများ ဒုတိယအကြိမ်တွင် ပါဝင်နိုင်ရေး၊ ပြည်ပကတောင်းဆိုထားသည့် ပုံစံ (၁၅) များကို ပုံစံ(၃)ဖြင့်ဆောင် ရွက်ခြင်း၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)၊မှတ်ပုံတင်ကွက်လပ်များကို ပြင်ဆင်ဖြည့်စွက် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးနှင့် တိကျသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေးအတွက် စိစစ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ (၁) ရက်နေ့ကစတင်၍ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကိုမျိုး (ယောဧရာ)