ငပုတော စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပမည့်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ငပုတောမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက ခရင်ဝါးချောင်း ကျေးရွာအုပ်စုသို့ ယခုလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်း ဆောင်ရွက်ရာတွင် ခရင်ဝါးချောင်းအုပ်စုအတွင်း ပါဝင်သည့် ကျေးရွာများမှ ပြည်သူများအတွက် မဲဆန္ဒရှင် စာရင်းတွင် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများနှင့် အသက် ၁၈ နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် ပြည်သူများအား ကတ်ပြားများ ရရှိစေရေးအတွက် ဆောင်ရွက် ပေးသွားမည့်အပြင် နိုင်ငံသားစီစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီး၊ အသစ်လဲလှယ်ခြင်းများ ကိုလည်း ဆက်လက်လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ငပုတော မြို့နယ် ဦးစီးမှူးရုံးထံမှ သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)