တမူး၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပုံမှန်ဆောင်ရွက်နေသော ဝန်ဆောင်မှုလုပ်ငန်းများကို စက်တင်ဘာလ (၁၄) ရက်နေ့ (တနင်္လာ)နေ့မှစ၍ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး အခြေအနေတည်ငြိမ်မှသာ ပုံမှန်ဆောင်ရွက်နေသော ဝန်ဆောင်မှုလုပ်ငန်းများကို ပြန် လည်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆောင်ရွက်ပေးသွားမည့်ရက်အား ကြို တင်အသိပေး အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားသည့်ကာလအတွင်း ကနဦးမှတ်ပုံတင်ယာဉ်များ၏ ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ၏ သက်တမ်းလွန်ဒဏ်ကြေးအပါအဝင် လုပ်ငန်းဆိုင်ရာများအား အများပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်ဖြေလျော့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ကျော်သူရ(ပြန်/ဆက်)