ခရမ်း၊ စက်တင်ဘာ ၁၂
Covid-19 Economic Relief Plan မှာပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးနှင့်၊ ရေ လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရကိုယ်စား စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လက ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပြီး ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းကို စတင်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ကျန်ရှိသည့်ငါးမွေးတောင်သူများကို ဆက်လက်ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများက ကျန်ရှိနေသည့် ငါးမွေးတောင်သူများ၏ ငါးမွေးကန်တောင်သူများ၏ ငါးမွေးကန်များသို့ ငါးသားပေါက်များကို ဆက်လက်ဖြန့်ချိပေးလျက်ရှိရာ ယမန်နေ့အထိ ငါးမွေးတောင်သူ (၇၃၃)ဦး၏ ငါးမွေးကန်ဧက(၆၅၄၁ဒသမ၆၁)ဧကအတွက် ငါးမြစ်ချင်းငါးသားပေါက် (၁၃၀၈၃၂၂၀) ကောင်ရေ အား ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီး ငါမွေးတောင်သူများ၏ ငါးမွေးကန်လိုင်စင်ကြေးများလည်း ကြွေးကျန်မရှိကောက်ခံပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်ထံမှ သိရသည်။
ကိုမင်း (ခရမ်း)