ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း (၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျောက်မဲ၊ စက်တင်ဘာ   ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် (၅၆) နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခြင်းများကို ယနေ့နံနက် ၈ နာရီမှ ၁၀ နာရီအထိ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ကျော်ဝင်း၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင်  ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသား စုဝင်များ စုစုပေါင်းအင်အား ၆၀ ကျော်ဖြင့် ဆေးရုံဝင်းအတွင်းရှိ ခြုံနွယ်ပေါင်းမြက်များ ခုတ် ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)