မိုင်းပျဉ်း၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ် သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြန်ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများက မိုင်းပျဉ်းမြို့နယ်အတွင်းရှိ (၅)မိုင်ကျေးရွာ၊ ထမ်မောင်း အထက်ကျေးရွာ၊ ထမ်မောင်းအောက်ကျေးရွာများသို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကြို တင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေးရှောင်ကျဉ်ရန်၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (mask) တပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာနှင့်ဆေးကြောရန် စသည့်အချက်များနှင့် လေဘေး၊ ရေဘေးနှင့် မိုကြိုဘေး အန္တရာယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်တို့ကို အသံချဲ့စက်များဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်ပြီး နှာခေါင်းစည်း (mask)များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)