ကော့သောင်းမြို့၌ ရွာသာယာကျေးရွာ၊ခေတ်မီစံပြကျေးရွာ (Smart  Village) စီမံကိန်းထူထောင်ရေး အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ‌ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ပုလုံးတုံတုံးကျေးရွာအုပ်စု ရွာသာယာကျေးရွာ၌ ၂၀၂၅-၂၀၂၆ဘ‌ဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေး စီမံကိန်းအတွက် ရွာသာယာကျေးရွာတွင် ဇန်နဝါရီ၂၄ရက် နံနက်ပိုင်းက သက်ဆိုင် ရာဌာနများမှ ကဏ္ဍအလိုက်အသိပညာပေးဟောပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၁/၂၀၂၆) တက်ရောက် 

စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၆) အစည်းအဝေးကို ဇန်နဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ချောင်းခွ ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၂၁၅၄) ကွင်း တောင်သူ ဦးအောင်ဆန်း၏ ဆောင်းမြေပဲပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်း ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များအား အသက်အလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် မြို့နယ်အတွင်း ကာကွယ် ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် လုံးဝပျက်စီးနှင့်တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ပြုပြင်နိုင်ရန် ငွေနှင့် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်၊ သံ၊ သစ်)များပေးအပ်ခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မော်လိုက်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇန်နဝါရီလနံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ယာယီနေရပ်စွန့်ခွာပြည်သူများတက်ရောက်ခဲ့ကြသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ professor ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ professor ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဗလငါးတန်နှင့်ပြည့်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ယနေ့နံနက် ၉ နာရီခွဲက  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပသည်။

ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ (၁၁)ကြိမ်မြောက် ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဓမ္မာနုဂ္ဂဟအသင်းမှဦးဆောင်ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် ပရိယတ္တိဓမ္မာ နုဂ္ဂဟစာမေးပွဲ၌ အောင်မြင်ခဲ့သည့် သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

မော်လိုက်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူလူငယ်များ ပြည်ထောင်စုနေ့သမိုင်းကြောင်းများ မမေ့လျော့ကြစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်းကာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်းအမှတ်(၃)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ဝမ်းတွင်းမြို့နယ်၌ ၆၅ ကြိမ်မြောက် သမိုင်းဝင်မြတ်ညီနောင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပုဂံခေတ် ပေါက်ကန်ရာဇာ အနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့်  မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီ တော်မြတ်ကြီး၏ ၆၅  ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။
Subscribe to