သာပေါင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့(World Rabies Day) အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူး ရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day) အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းများကို စက်တင်ဘာလ ၂၇ ရက်နေ့၊နံနက် ၉ နာရီအချိန်က ကွင်းကောက် ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၂၂၃   ဧက စိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၂၂၃ ဧက စိုက်ပျိုးပြီးစီးရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် ပူဇော်ကန်တော့ပွဲပြုလုပ်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို အောက်တိုဘာလ (၁)ရက်နံနက် (၈) နာရီခွဲက ရှမ်းပွဲရပ်ကွက်ရှိ ပျော်ဘွယ်ဘိုးဘွားရိပ်သာတွင်ကျင်းပပြုလုပ်သည်။

ပုလောမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စား စွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

ဆားလင်းကြီးတွင် ပတ်ဝန်းကျင်နှင့်ပိုးသတ်ဆေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ဆားလင်းကြီးတွင် ပတ်ဝန်းကျင်နှင့်ပိုးသတ်ဆေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက် ဆားလင်းကြီး စက်တင်ဘာ ၂၉ မြို့နယ် (ပြန်/ဆက်)

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနေ့များအကြောင်း အသိပညာပေး Talk Show

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနေ့များအကြောင်း အသိပညာပေး Talk Show ကြံခင်း စက်တင်ဘာ ၃၀ ဖြိုးဝေလင်း(ပြန်/ဆက်)

ဟင်္သာတမြို့နယ်တွင် ထွန်းတောက်ကြယ် နွားမွေးမြူရေး သမဝါယမ အသင်းသားများအား ချေးငွေပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ထွန်းတောက်ကြယ်နွားမွေးမြူရေး သမဝါယမ အသင်းသားများအားချေးငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့ ညောင်ပင်ရပ်ကွက်အလယ်လမ်းရှိ နွေသံဃဒါနဆွမ်းလောင်းအသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား/သူများ၊ သင်ကြားပြသခဲ့သော ဆရာ/မများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား/သူများ၊ သင်ကြားပြသခဲ့သော ဆရာ/မများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ဟင်္သာတ စက်တင်ဘာ ၃၀ ခရိုင်(ပြန်/ဆက်)

ကြံခင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ရပ်ကွက်စာကြည်တိုက်များသို့ စာအုပ်မျိုးစုံနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ Mother သောက်ရေ သန့်အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်က ကြံခင်းမြို့နယ်အသင်း(ရန်ကုန်) အသင်းတည်ထောင်ခြင်း (၇၅)နှစ်မြောက်(စိန်ရတု)နှစ်ပတ်လည်အထိမ်းအမှတ် အထက(၃)ကျောင်း နှင့် ရပ်ကွက်စာကြည့်တိုက် (၂)တိုက်အား စာအုပ်မျိုးစုံနှင့် အလှူငွေပေးအပ်ပွဲကျင်းပခဲ့သည်။
Subscribe to