ပြည်ခရိုင်အဆင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲသီတာခန်းမ၌  ယနေ့ ကျရောက်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် ခရိုင်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ကျောက်တံခါးမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအတွက်  ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောက်တံခါးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ နွေနှမ်းနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ စတင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေသီးနှံမျိုးစုံ စိုက်ပျိုးရာတွင် ဒေသန္တရာလျာထားချက် ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်းနှင့် နွေနှမ်းနှင့် မိုးကြိုပဲတီစိမ်းသီးနှံများလည်း စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ပညာရေးရေးဝန်ကြီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံအားကစားနည်းသင်တန်း၊ ကဗျာလွတ်အကသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်ခဲ့သော နွေရာသီအခြေခံအားကစားနည်းသင်တန်း ကဗျာလွတ်အကသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားခန်းမ၌ ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြစ်သားမြို့ ကြက်ခြေနီအသင်းခွဲရုံးမှ အသင်းဝင်များအား တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မင်းကုန်းရပ်ကွက်အတွင်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ  အသင်းဝင်များအား  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလက်မှုလုပ်ငန်း(ခြင်းထိုးနည်းသင်တန်း)ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိမ်တွင်းလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံအမျိုးသမီးများ၏ အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းများ တိုးမြှင့်ပေးနိုင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း ဖွင့်လှစ်သည့် ခြင်းထိုးနည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ပေကုန်းကျေးရွာကန်လယ်မင်းကျောင်းတိုက်တွင် (၁၀) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာ သုမင်္ဂလာ ရာမကန်လယ်မင်း ပရိယတ္တိစာသင်တိုက်မှ ကြီးမှူး၍ ဗုဒ္ဓမြတ်စွာ၏အဆုံးအမတရားတော်များကို သိရှိလိုက်နာပြီး မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဗုဒ္ဓဘာသာဝင် ရင်သွေးရင်နှစ်တို့အား အခြေခံကိုယ်ကျင့်တရား ကောင်းမွန်စေရန်ရည်ရွယ်၍ (၁၀) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မတ်လ ၁၆ ရက် နေ့မှစ၍    အဆိုပါကျောင်းတိုက်တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

မုံရွာမြို့ မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်း ရထားသံလမ်း တစ်လျှောက် စုပေါင်းသန့်ရှင်း

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ နှင့်တာဝန်ရှိသူများသည် မတ် ၂၁ ရက် နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ပိတောက်လမ်းမှ ကျွဲရဲလမ်းဆုံ အောင်မင်္ဂလာအဝိုင်းအထိ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ကျော် ဖြင့်စုပေါင်း၍ သန့်ရှင်းရေးလုပ် ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ခြောက်သီးနှံ ၉၂၀ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ခြောက်သီးနှံ ၉၂၀ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးနဲမြို့နယ်၌ နွေရာသီအခြေခံ ဂျူဒိုနှင့် ကရာတေးသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ နွေရာသီအခြေခံ ဂျူဒိုနှင့် ကရာတေးသင်တန်းကို မတ်လ ၁၈ ရက်နေ့ကစတင်၍ မြို့နယ်ကမ္ဘောဇခန်းမတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to