ကျုံပျော်မြို့နယ်၌ ကောက်ရိုး၊ ပဲမှော်ဖြင့် သဘာဝမြေဩဇာပြုလုပ်ခြင်း လက်တွေ့သရုပ်ပြ

မြေဆီလွှာပျက်စီးခြင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်‌စေရန်အတွက် ကောက်ရိုး၊ ပဲမှော်တို့ကိုအသုံးပြုကာ သဘာဝမြေဩဇာပြုလုပ်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြိုနယ် ဘုရားကလေးဆိပ်ကျေးရွာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

သာယာဝတီမြို့တွင် ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင်၂၀၂၆ ခုနှစ် မတ် (၂၁) ရက်၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်  ၈ နာရီက သာယာဝတီမြို့ ဆရာစံခန်းမ၌ ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပထမအကြိမ် နှစ်ဦးအထူးတရားပွဲ ဓမ္မပူဇာသဘင် (၆)ရက်တိုင်တိုင် ကျင်းပသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယုဇနဥယျာဉ်မြို့တော် အမှတ်(၉၄)ရပ်ကွက်လုံးဆိုင်ရာ ပထမအကြိမ် နှစ်ဦးအထူးတရားပွဲ ဓမ္မပူဇာသဘင်ကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ညစဉ် ၇ နာရီအချိန်တွင် ကံ့ကော်လမ်းမကြီးနှင့် ၁၄ လမ်းထောင့်၊ အိမ်ရာကော်မတီရုံးရှေ့တွင်  ၆ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်မြို့ လသာလမ်းရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်မြို့၊ လသာလမ်းရုံးဖွင့်ပွဲ အခမ်းအနားကို မတ် ၂၀ ရက် နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များတက်ရောက်ကြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်လုံပညာသင်တန်း(တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း) သင်တန်းသားများအား အအေးနှင့် မုန့်များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်လုံပညာသင်တန်း(တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း) သင်တန်းသားများအား ယနေ့နံနက် ၁၀ နာရီက အအေးနှင့် မုန့်များ လှူဒါန်းခဲ့ရာ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများက လက်ခံခဲ့ကြသည်။

အောင်မြေသာစံမြို့နယ်၌ အခြေခံဆိုလာနည်းပညာနှင့် တပ်ဆင်ခြင်းသင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်းနှင့်၇၃လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် အခြေခံဆိုလာနည်းပညာနှင့် တပ်ဆင်ခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၂၀ရက်နံနက် ၁၀နာရီက ကျင်းပသည်။

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယမန်နေ့နံနက် (၁၀)နာရီက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဟိုပုံးမြို့နယ်၌ အစိုးရ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်(၂၀)ရက် ညနေ(၄)နာရီက  သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးတွင် ကျင်းပသည်။

ကျုံပျော်မြို့နယ်၌ ဂန္ထဝါစကပဏ္ဍိတ ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး  ကျုံပျော်ခရိုင်  ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက် မစိုးရိမ်ကျောင်းတိုက်ရှိ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တစန္ဒာဝရအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို မတ် ၂၀ ရက် နံနက် ၈ နာရီခွဲက အဆိုပါကျောင်းတိုက်ရှိ မင်္ဂလာမဏ္ဍပ်တွင် ကျင်းပသည်။

လွိုင်ကော်မြို့၊ အထက(ခွဲ) လောဓမ္မကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း

ကယားပြည်နယ် လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်ပြီး အသိပညာ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက လွိုင်ကော်မြို့၊ အထက(ခွဲ) လောဓမ္မကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။
Subscribe to