ငါန်းဇွန်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်များအားသတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ငါန်းဇွန်  မတ်၂၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရောင်းချလျက်ရှိသော  ရွှေဆိုင်များအား နိုင်ငံတော်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အဖိုးတန်သတ္ထုရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးသည်။

ငါန်းဇွန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော မြို့နယ်အဖိုးတန်သတ္ထုရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသည့် ရွှေဆိုင်များအား ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရယူထားမှု ရှိ/မရှိ၊ နိုင်ငံတော်က သတ်မှတ်ထားသော စံချိန်စံညွှန်းကိုက်ညီသည့် ဓာတ်သတ္တု(ရွှေ)ကိုသာ ရောင်းချခြင်း၊ ဝယ်ယူခြင်းရှိ/မရှိ၊ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေး ကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်ခြင်းရှိ/မရှိစိစစ်ခြင်း၊ တည်ဆဲ အခွန် ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စဉ်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ထမ်းဆောင်သူဟုတ်/ မဟုတ်စိစစ်ခြင်း၊ ရွေရောင်းဝယ်မှု ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ငွေပေးခြေမှု၊ ငွေးကြေးလွှဲပြောင်းဆောင်ရွက်မှုများ၊ ဗဟိုဘဏ်ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်ရယူထားခြင်းရှိ/မရှိနှင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းက ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသောနေရာတွင်သာ ရွှေရောင်းဝယ်ခြင်းရှိ/မရှိ သတ်မှတ်စည်းကမ်းချက်များအား မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်(၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)