ယင်းမာပင်မြို့တွင် လူငယ်ကဏ္ဍမြှင့်တင်ဖို့ မူးယစ်ဆေးကိုရှောင်ရှားစို့ အသိပညာပေး Talk Show ဆောင်ရွက်

ယင်းမာပင်မြို့တွင် လူငယ်ကဏ္ဍမြှင့်တင်ဖို့ မူးယစ်ဆေးကိုရှောင်ရှားစို့ အသိပညာပေး Talk Show ဆောင်ရွက် ယင်းမာပင် စက်တင်ဘာ ၂၉ ခရိုင်(ပြန်/ဆက်)

ခရမ်းမြို့နယ်၌ တိုင်းရင်းဆေးများဖြင့် ပြည်သူများအား ကွင်းဆင်းကုသမှုများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် အမှတ်(၂)ရပ်ကွက် အောင်‌ဓမ္မရိပ်သာရှိ ယောဂီများအား တိုင်းရင်းဆေးများဖြင့် ဆေးကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁- က) များကို ယမန်နေ့ညနေပိုင်းက ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ ပထမအကြိမ်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို စက်တင်ဘာလ ၂၉  ရက်မှစ၍ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် စတင်ကပ်ထားကြေညာထားကြောင်းသိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့စားနပ်ရိက္ခာနေ့” အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့စားနပ်ရိက္ခာနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်  ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှု ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားမှုကို စက်တင်ဘာလ ၃၀ ရက်နေ့နံနက် ၉ နာရီက အမရပူရခရိုင် လဝကဦးစီးမှူး ဦးမျိုးခိုင်နှင့် တာဝန်ရှိသူများက ကွင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်ရပ်ကွက်များတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် မဲစာရင်းကြော်ငြာဘုတ်များ စတင်ကြေညာထားရှိ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်ရပ်ကွက်များတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်ကစ၍ လာမည့်ဒီဇင်ဘာရွေးကောက်ပွဲတွင် မဲပေးရမည့် မဲဆန္ဒရှင်ပြည်သူများအတွက် မဲစာရင်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲစာရင်း ကြော်ငြာဘုတ်များ စတင်ကြေညာထားလျက်ရှိကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင်စတင် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၃၀)ရက်နေ့ နံနက်(၁၀)နာရီက ဈေးကွက်သစ်ရပ်ကွက်နှင့် စံပြရပ်ကွက်ဓမ္မာရုံများတွင် မဲစာရင်းကပ်ထားမှုအခြေအနေအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကိုင်းကျေးရွာအနီးတွင် မိုးရွာသွန်းမှုများသဖြင့် ရေကျော်ရေရိုးများ၌ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လုံခြုံရေးအဖွဲ့များက ကူညီလမ်းရှင်မှုများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စက်တင်ဘာ(၂၉)ရက်နှင့် စက်တင်ဘာ(၃၀) ရက်နေ့များတွင် မိုးရွာသွန်းမှုများသဖြင့်၊ မြို့နယ်အတွင်း မြေသားရေကန်များ ရေပြည့်လျံလျက်ရှိသည့် နည်းတူ၊ ကြက်မောက်တောင် ရေလှောင်တမံ ရေပိုလွှဲမှ ရေထုတ်လွှတ်မှုများကြောင့် ကျောက်ပန်းတောင်း- မိတ္ထီလာကားလမ်းကိုင်းကျေးရွာအနီး မိုင်တိုင်(၅၁/၄)မှ မိုင်တိုင်(၅၄/၇)အတွင်း အလျား (၃) ဖာလုံခန့် ရေအမြင့်(၁)ပေကျော်ခန့် ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာ (၃၀) ရက်နေ့ နံနက်(၉)နာရီမှစတင်၍ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များက ရေကြောင်းလမ်းပြခြင်း၊ ကားလမ်းရှင်ခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to