ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား တွေ့ဆုံအားပေး

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ ၂၉ ရက်နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တွေ့ဆုံအားပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

MSME ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများရောင်းချမည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပြင်ဆင်ဆောင်ရွက်နေမှုများကို စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဒလမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် နံနက် (၁၀:၀၀) နာရီအချိန်က ကမာကဆစ်ရပ်ကွက်၊ ဒလ-တွံတေးကားလမ်းမ‌‌ဘေးရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ စက်တင်ဘာ၂၅ရက်မှ ၂၉ ရက်အထိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊  သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်သည်။

ထားဝယ်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁- က) များကို ယနေ့နံနက်ပိုင်းက ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင်၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁- က) များကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ်ကပ်ထား ကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာ 

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မြို့နယ် အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ မဲစာရင်းများကို ယနေ့ နံနက်ပိုင်းက စတင်ကာ ပထမအကြိမ် ကပ်ထားကြေညာသည်။

ကော့သောင်းမြို့တွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးနှင့် တိုင်ကြားမှုယန္တရားများ၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာများ ဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည် ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာများဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌  မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်အဖြစ်ကပ်ထားကြေညာနေမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ မှစတင်၍ ကပ်ထားကြေညာထားရှိရာ ယနေ့နံနက် ၁၁ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။    
Subscribe to