စစ်ကိုင်း မတ် ၂၁
စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို မတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဒီဇယ်စက်ခေါင်းစက်ရုံရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်က မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ထိရောက်လျှင် မြန်စွာ မီးငြှိမ်းသတ်ရေးစနစ်များ ထပ်မံဖြည့်တင်းတပ်ဆင်နိုင်ရေး၊ ဆက်သွယ်ရေးစနစ်များကောင်းမွန်စေရေး၊ လောင်စာသိုလှောင်ထားရှိမှု၊ ဝင်လမ်း ထွက်လမ်းများ ကောင်းမွန်စေရေး၊ အရေးပေါ်ရေလုံလောက်စွာရရှိစေရေး၊ မီးသတ်ဆေးဘူး အသုံးပြုတတ်စေရေး၊ 191 Report applicationအား တွင်တွင်ကျယ်ကျယ် အသုံးပြုတတ်စေရေး အသိညာပေးဟောပြောခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်နည်းများ သရုပ်ပြသခဲ့ကြောင်း သိရသည်။
နေလင်းအောင် (ပြန်/ဆက်)