ထန်းတပင်မြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာနှင့် ကိုယ်ကာယကြံ့ခိုင်ရေး သင်တန်းဖွင့်လှစ်

ထန်းတပင် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ယဥ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ နေထိုင်တတ်စေရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ယဥ်ကျေးလိမ္မာနှင့် ကိုယ်ကာယကြံ့ခိုင်ရေးသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးကိုယ်စား  ဦးဇာဏီမောင် ဒုတိယမြို့နယ်ပညာရေးမှူး (စီမံ/ဘဏ္ဍာ)မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြား၍ လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို ဆရာ၊ ဆရာမများက  ၁၀ ရက်ကြာ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၂၀) ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ဆရာ၊ ရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)